Creating The Own CustomToolbar

Leave a Comment
ကျွန်တော် မေးခွန်း ( ၂ ) ခုလောက်မေးကြည့်ချင်ပါတယ်။
မိသားစုဝင်တွေဆီမှာ Website ဒါမှမဟုတ် Blog တစ်ခုခုများ ကိုယ်စီရှိကြပါသလား ??
တကယ်လို့ ကိုယ်စီ ကိုယ်စီ Website ဒါမှမဟုတ် ကိုယ်ပိုင် Blog တစ်ခုစီ ရှိနေကြတယ် ဆိုရင် ကိုယ့်  Site ကို အမြဲလာရောက် အားပေးဖတ်ရှုနေတဲ့ စာဖတ်သူတွေနဲ့ စာရေးသူ ကျွန်တော်တို့တွေရဲ့ ကြားမှာ အမြဲနီးကပ်နွေးထွေးမှု ထာဝရရှိမနေစေချင်ဘူးလား ??



စာဖတ်သူနဲ့ စာရေးသူကြား အမြဲ ထာဝရ ထိတွေ့ဆက်စပ်နေစေဖို့ ကျွန်တော်တို့ ဆိုဒ်တွေကို သန်းပေါင်းများစွာသော ဆိုဒ်တွေရဲ့ ကြားထဲက အခြားဆိုဒ်တွေနဲက မတူပဲ အမြဲမှတ်မှတ်ရရ လာရောက် လည်ပတ်ထိတွေ့ နေစေဖို့ ကျွန်တော်တို့တွေ RSS feed တွေ ထားကြတယ်။ နောက်ပြီး Twitter လို Facebook လို နောက်ပြီး တစ်ခြားတစ်ခြား ဖန်တီးမှုတွေ အများကြီး လုပ်ပြီး ကျွန်တော်တို့ နဲ့ စာဖတ်သူရဲ့ ကြားမှာ ကွာဟသွားမှု မရှိအောင် နည်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ ဖန်တီးနေကြတယ်။ အခု ဒါတွေ မလိုတော့ပါဘူး။ ကျွန်တော်တို့ ဆိုဒ်အတွက် အခုလို Toolbar တစ်ခု ရှိနေပြီဆိုရင် သူတို့ ကျွန်တော်တို့ကို အမြဲ အမှတ်တရ ရှိနေတော့မှာပေါ့။



သိပ်အံ့သြဖို့ ကောင်းတဲ့ ဖန်တီးမှုတွေနဲ့ အသုံးဝင်လွန်းလှတဲ့ မိမိစိတ်ကြိုက် Toolbar အသစ်တစ်ခု ဖန်တီးဖို့ Conduit ရှိနေပါပြီ။

Conduit

Conduit မှာ Registered လုပ်ပြီးပြီ ဆိုတာနဲ့ ကျွန်တော်တို့ ရဲ့ Website တွေ Blog တွေအတွက် ( တကယ်လို့ Website တွေ Blog တွေ မရှိရင်လည်း မိမိ သဘောကျတဲ့ Sites တွေဆီ အလွယ်တကူ လည်ပတ်သွားရောက်လို့ ရစေမယ့် ) Toolbar တစ်ခုကို စိတ်ကြိုက် စတင်ဖန်တီးနိုင်ပါပြီ။ ဒီ Toolbar နဲ့ တူတူ ကျွန်တော်တို့ ဆိုဒ်တွေ ဘလော့တွေ အတွက် RSS feed တွေ နောက်ပြီး Online Radio ၊ Search Box ၊ Email notifier ၊ အစရှိတဲ့ လိုအပ်ချက်အားလုံး အလွယ်တကူ ဖြည့်သွင်း ပုံဖောင်သွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် နောက်ထပ် လိုအပ်လာနိုင်ဦးမယ့် တစ်ခြား Buttons တွေ ( ဥပမာ - Weather .. စသဖြင့် ) ကိုလည်း Toolbar မှာလိုအပ်သလို ထပ်မံ ဖြည့်သွင်းပြီး ကိုယ့်ရဲ့ စာဖတ်သူတွေကို သူတို့ရဲ့ Browser မှာ အမြဲ အမှတ်တရ ထည့်သွင်းသွားချင်အောင် ဆွဲဆောင်နိုင်ပါပြီ။

ဘာကြောင့် Conduit ကို ရွေးချယ်ရပါသလဲ ??

ဒီမေးခွန်းက မေးသင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ သိပ်ပြီး ကြီးကျယ် လူသိများတဲ့ ဆိုဒ်တွေလောက်ပဲ ( ဥပမာ - Google, Yahoo, .. စသဖြင့် ) သူတို့ရဲ့ ဆိုဒ်တွေအတွက် လူသိများ ထင်ရှားစေဖို့ ဆိုဒ်ကိုယ်စားပြု Toolbars တွေကို ဖန်တီးနိုင်ကြတာပါ။ သာမာန်သန်းပေါင်းမြောက်များစွာသော ဆိုဒ်တွေရဲ့ ကြားက လူသိနည်းသေးတဲ့ ဆိုဒ်တွေကတော့ နည်းပညာ အခက်အခဲ ၊ လျော့ပါးတဲ့ အတွေ့အကြုံတွေကြောင့် ကိုယ့် ကိုယ်ပိုင် ဆိုဒ် အတွက် Toolbar တစ်ခုကို တော်ယုံ မဖန်တီးနိုင်ခဲ့ကြပါဘူး။ Conduit က ခုလို ခက်ခဲနေသူ အားလုံးအတွက် ပြဿနာရပ်ကို ဖြေရှင်းပေးခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ကိုယ်ပိုင် စိတ်ကြိုက် Toolbar တစ်ခု ဖန်တီးဖို့ ကျွန်တော်တို့မှာ နည်းပညာမလိုဘူး .. အတွေ့အကြုံမလိုဘူး .. ဘယ်အကြောင်းအရာကိုမှ ကြီးကြီးကျယ်ကျယ် တတ်ကျွမ်းနားလည် ထားစရာ မလိုဘူး .. Conduit ရဲ့ Tools တွေကို အသုံးပြုပြီး ကိုယ်ဖြည့်သွင်းချင်တဲ့ အရာတွေကို Drag and  Drop ၊ Copy ans Paste လုပ်ဆောင်သွားယုံပါပဲ။ Toolbar တစ်ခု ဖန်တီးဖို့ မိနစ်ပိုင်းပဲ ကြာမြင့်မှာပါ။ ကဲ မလွယ်ဘူးလားဗျာ။

ကျွန်တော်တို့ အတွက် လိုအပ်နေတဲ့ Toolbar ကို တစ်ကြိမ်ဖန်တီးလိုက်ပြီးတာနဲ့ Conduit Network အတွင်းမှာ ရှိနေတဲ့ User ၂ သိန်းကျော်လောက်ဆီလည်း ဖြန့်ဝေပြီးသား ဖြစ်သွားမှာ မို့လို့ ကိုယ့်ရဲ့ ဆိုဒ်ကို လာရောက်လည်ပတ်သူတွေ ဆိုတာလည်း မလွဲမသွေ တိုးပွားလာမှာ ဖြစ်ပါတယ်။

ပိုသာသော ပံ့ပိုးမှုများဖြင့် Conduit

  • ဒီ Toolbar က ပုံသေကားချပ်ကြီး တစ်ခုလို မဟုတ်ပါဘူး .. မိမိစိတ်ကြိုက် ဖြည့်သွင်းချင်တဲ့ အရာတွေ ထပ်မံ ဖြည့်သွင်းလို့ ရပါသေးတယ်။ သောင်းနဲ့ ချီတဲ့ Gadgets တွေ ဒီ Toolbar နဲ့ တူတူ ထပ်မံ ဖြည့်သွင်းလို့ ရပါသေးတယ်။
  • တကယ်လို့  ကိုယ်ဖန်တီးထားတဲ့ Toolbar ကို မိမိက တစ်ခုခု အချိန်းအပြောင်းလုပ်လိုက်မယ် ဆိုတာနဲ့ ကိုယ့် Toolbar ကို Install လုပ်ထားသူ တစ်ခြား User တွေမှာလည်း မိမိ ဖန်တီးထားချက် အတိုင်း Auto ပြောင်းလဲ ပြင်ဆင်မှု ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
  • OS အားလုံးနဲ့ Compatible ဖြစ်သလို နောက်ဆုံးထုတ် Browsers တော်တော်များများနဲ့လည်း Compatible ဖြစ်ပါတယ်။

ပြောမယ်ဆိုရင်တော့ ပြောကုန်မယ် မထင်ပါဘူး။ ကျွန်တော်တောင် MyanmarFamily အတွက် တစ်ခုလုပ်လာခဲ့ပါသေးတယ်။ အပေါ်မှာလည်း ပြထားပါတယ် ဒီအောက်က ပုံမှာ ထပ်ကြည့်ပေးပါ။


ကျွန်တော်ကတော့ ကျွန်တော် အမြဲ သုံးနေတဲ့ ဆိုဒ်လေးတြွေဖစ်တဲ့ Google, Facebook, Youtube, Twitter, Blogger, Yahoo, နဲ့ Facebook Games တွေကို ဖန်တီးနေတဲ့ Zynga Games တွေကို Toolbar မှာ ဖြည့်ထားလိုက်ပါတယ်။ ကျွန်တော် လုပ်ထားတဲ့ Toolbar လေးကို သဘောကျတယ်ဆိုရင်တော့ အောက်က Link ကနေ ဒေါင်းလုပ်ချ install  လုပ်လိုက်ပါ။ အင်စတော လုပ်တဲ့ အချိန်မှာ  Free Download ဆိုတာကို နှိပ်လိုက်ရင် Firefox ရဲ့ ညာဘက်အပေါ်ထောင်းနားလေးမှာ အခုလို ပေါ်လာပါလိမ့်မယ်။


မပျက်မကွက် Allow ကို နှိပ်ပေးပါ။ ဘောက်စ် တစ်ခု တက်လာပါလိမ့်မယ်။ Install ဆိုတာကို နှိပ်လိုက်ပါ။ သူ့ဘာသာ Install လုပ်သွားပြီး Firefox ကို Restart ပြန်ပေးလိုက်တာနဲ့ ကျွန်တော် ဟိုးအပေါ်ဆုံးမှာ ပြထားသလို စတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် မူရင်းဖန်တီးထားတဲ့ Toolbar မှာ Zynga Games မပါပါဘူး။ သူ့ကို ထပ်ဖြည့်ချင်ရင် ညာဘက်ထောင့်နားလေးက + လေးကို နှိပ်လိုက်ပါ။ အဲတာဆို ဆိုဒ်တစ်ခု ဆီ ခေါ်သွားပါလိမ့်မယ်။ အဲ့ကနေ ဒီအောက်က ပုံနဲ့ တူတာလေးကို ရှာပြီး Add ကို နှိပ်လိုက်ပါ။



ဒါဆို Zynga Games ကို Toolbar မှာ ထည့်သွင်းပြီးသား ဖြစ်သွားပါပြီ။ တစ်ခြား ဖြည့်သွင်းချင်တာတွေကိုလည်း အဲ့ကနေ ဖြည့်သွင်းလို့ ရပါသေးတယ်။

ဆိုဒ်ရှိရာဆီသွားပြီး ဒေါင်းလုပ်ချချင်မယ် ဆိုရင်တော့ ဒီအောက်က Link ကနေ သွားပါ။

Download !!

စက်ထဲမှာ တစ်ခါတည်း သိမ်းထားပြီး နောင်အသုံးလိုတိုင်း သုံးချင်မယ် ဆိုရင်တော့ ဒီအောက်က Link ကနေ ဒေါင်းလုပ်ချပါ။

Download Here !!

မိမိကိုယ်ပိုင် Toolbar အသစ်တစ်ခု ဖန်တီးချင်မယ် ဆိုရင်တော့ ဒီအောက်က Link ကနေသွားပါ။

Register Here !!

အားလုံး ကိုယ်ပိုင် Toolbar တစ်ခုစီနဲ့ အဆင်ပြေပျော်ရွှင်ကြပါစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts

Recent

About Us

Random

About Us

Random