Boomerang for Gmail Beta (0.1)

Leave a Comment

ဒီနေ့တော့ အားတဲ့ အချိန်လေး အင်တာနက်ထဲ စာလိုက်ဖတ်ရင်း တွေ့မိခဲ့တဲ့ Extension လေး တစ်ခုအကြောင်း မျှဝေချင်ပါတယ်။ Extension ဆိုပေမယ့် သူက လောလောဆယ်မှာ Beta အဆင့်ပဲ ရှိသေးတာ မို့လို့ Browser တိုင်းသုံးလို့ မရသေးပါဘူး - လောလောဆယ် အခြေအနေမှာ Chrome နဲ့ Firefox မှာပဲ Extension တွဲလို့ ရပါသေးတယ်။ သူ့နာမည်ကတော့ Boomerang ပါ -


Boomerang က ဘာလုပ်လဲ ဆိုတော့ ကျွန်တော်တို့တွေဆီကို တစ်နေ့ နဲ့ တစ်နေ့ Emails တွေ ရောက်လာတာ ရှိတယ် - တစ်ခါ တစ်လေ ကိုယ်က Emails ပြန်ပို့ ရတာရှိတယ် - အဲလို အခြေအနေမျိုးတွေမှာ ဥပမာ ဆိုကြပါစို့ - ဒီနေ့ ကျွန်တော့်ဆီကို Emails တစ်ခု ရောက်လာတယ် - အကြောင်းအရာက နောက်တစ်ပတ် " .... " အချိန် " .....  " နေရာမှာ မိတ်ဆုံစားပွဲ ရှိတယ် - တက်ရောက်ဖို့ ဖိတ်ကြားပါတယ် - စသဖြင့် ဖိတ်ကြားချက် Mail တစ်စောင် ဆိုကြပါစို့ - လောလောဆယ် ကျွန်တော်က ဒီ သီတင်းကို သိတာ မှန်ပေမယ့် တကယ် ကျင်းပမယ့် မိတ်ဆုံစားပွဲ အချိန်က ဒီနေ့ကနေ စရေတွက်ရင် တစ်ပတ်တောင် လိုသေးတယ် - ဒီတော့ ကျွန်တော့်မှာ ကြားထဲ တစ်ခြား အလုပ်ကိစ္စတွေ ဘာတွေနဲ့ - သူ့ထက် သူ့ထက် အရေးကြီးတာတွေ ပေါ်လာပြီး တကယ်တမ်း နောက်တစ်ပတ်ကိုလည်း ရောက်ရော အဲ့နေ့မှာ ကျွန်တော် မိတ်ဆုံစားပွဲ သွားရမယ် ဆိုတာ သတိမရတော့ဘူး - အဲ့တော့ Result အနေနဲ့ ကျွန်တော့်ရဲ့ မေ့လျော့မှုက သေသေချာချာ ဖိတ်ကြားထားတဲ့ ဖိတ်ကြားချက်ကို အလေးမထားသလို ဖြစ်သွားရော - ဒါမျိုး မဖြစ်ရအောင် - Boomerang က ကာကွယ်ပေးပါတယ် - သူက ဘယ်လို လုပ်ဆောင်လဲ ဆိုရင် - 



အထက်မှာ ဖော်ပြထားသလို နောက်မှ လုပ်ဆောင်ရမယ့် အကြောင်းအရာတစ်ခု ဖော်ပြထားတဲ့ Mail တစ်စောင် ကိုယ့်ဆီ စောစီးစွာနဲ့ ဝင်ရောက်လာတဲ့ အခါ - အဲ့ဒီ့ Mail ကို ကိုယ်အမှတ်တကယ် သိဖို့လိုအပ်တဲ့ အချိန်  ချိန်းဆိုထားတဲ့ ရက်ရဲ့ ( ဥပမာ - တစ်ရက်ကြိုစောပြီး - တစ်နာရီ ကြိုစောပြီး )  စသဖြင့် နောက်တစ်ကြိမ် ပြန်အသိပေးခိုင်းလို့ ရပါတယ်။ ဆိုလိုတာ ကိုယ့်ဆီ ဝင်လာတဲ့ Mail ကို Schedule လုပ်ပြီး နောက်တစ်ကြိမ် ပြန်ဝင်ခိုင်းတဲ့ သဘောမျိုးပေါ့ -




လုပ်ဆောင်နည်း အကြမ်းမျဉ်းကို မိတ်ဆက်ပေးရရင် ကိုယ့်ဆီဝင်လာတဲ့ စာတွေထဲက နောက်တော့မှ ပြန်ဝင်လာစေချင်တဲ့ စာကို ဖွင့်ပြီး အထက်ပါပုံမှာ မြင်နေရတဲ့ နေရာကနေ တစ်ဆင့် နောက်တစ်နာရီမှလား - နှစ်နာရီမှလား - နောက် လေးနာရီလား - မနက်ဖြန် မနက်လား - ကိုယ့်ဘာသာ အချိန်သတ်မှတ်ချင်တာလား ( At a spefic time ) ဆိုတဲ့ Options တွေထဲက တစ်ခုခု ကို ရွေးလိုက်ပါ။ တကယ်လို့ ကျွန်တော်တို့က ( At a spefic time ) ကို ရွေးလိုက်မယ် ဆိုရင် ဒီအောက်ကပုံစံလေး အတိုင်း Schedule box ပေါ်လာပြီး ကိုယ့်ကို နောက်တစ်ကြိမ် ထပ်မံ အသိပေးစေချင်တဲ့ ( နောက်တစ်ကြိမ် စာထက်ဝင်လာစေချင်တဲ့ ) အချိန်ကို သတ်မှတ်ပေးရပါမယ်။


ထိုနည်းလည်းကောင်းပဲ နောက်နေ့တွေမှာ ပို့စရာ ရှိနေတဲ့ စာတွေကို သတိရတဲ့ အချိန် ကြိုရေးထားပြီး Schedule နဲ့ ကိုယ်ပို့ချင်တဲ့ အချိန်မှ ပို့ခိုင်းထားလို့ လည်း ရပါသေးတယ်။ 




ဒီလို လုပ်ဆောင်ထားခြင်းအားဖြင့် ဘာကောင်းသွားလဲ ဆိုလျှင် မမေ့မလျော့ မပျက်မကွက် လုပ်ဆောင်ရမယ့် Birthday wish တို့ ဘာတို့ကို အဲ့နေ့ ရောက်လို့ ကိုယ် သတိရတာ မရတာ အရေးမကြီးတော့ပဲ - လတ်တလော သတိရနေတဲ့ အချိန် ကြိုရေးထားပြီး Schedule လုပ်ထားခြင်း အားဖြင့် ဝတ္တရားပျက်ကွက်မှုတွေ မဖြစ်နိုင်တော့ပါဘူး - Mail က အချိန်တန်ရင် သူ့ဘာသာသူ ကိုယ် သတိရရ - မရရ ပို့ပေးသွားပါလိမ့်မယ်။


Boomerang ကို ကျွန်တော် ဖော်ပြထားတဲ့အတိုင်း သုံးနိုင်ဖို့ Extension ကို ဟိုးနောက်တစ်ဆင့်မှာ ဖော်ပြသွားမယ့် နေရာကနေ Install လုပ်ဆောင်လို့ ရပါတယ်။ Install လုပ်ဆောင်ပြီး သွားရင် Gmail ထဲကို ဝင်ကြည့်လိုက်ပါ ခုလို မြင်တွေ့ ရပါလိမ့်မယ်။



လောလောဆယ် အခြေအနေမှာ Boomerang က Beta အဆင့်မှာပဲ ရှိသေးလို့ နဲနဲ bug တာလေးတွေတော့ ရှိပါတယ်။ အဲ့ အတွက်တော့ ကို KznT ဘာဖြစ်လဲ မသိဘူး - ကျွန်တော့်စက်မှာ သုံးမရဘူးတော့ မလုပ်ကြပါနဲ့ - ကျွန်တော်လည်း မဖြေရှင်း တတ်ပါဘူး - ကျွန်တော်က ဒီလိုလုပ်လို့ ရကြောင်း ဝေမျှတာပါ - အချိန်တန်ရင် bug တာတွေကို သူပြန်ပြင်ပေးပါလိမ့်မယ် :D

Boomerang Extension ကို Firefox မှာ ဖြစ်ဖြစ် Google Chrome မှာဖြစ်ဖြစ် install လုပ်ဆောင်နိုင်ဖို့ အတွက် ဒီစာမျက်နှာကို သွားပါ။ ရောက်ရင် မြန်မာမိသားစုအတွက် Twitter ကနေ ကျွန်တော် သွားတောင်းထားတဲ့ အောက်ဖော်ပြပါ invite code ကိုထည့်ပေးလိုက်ပါ။ ( သူက မာနကြီးတယ်ဗျ - သူ့ Boomerang Extension ကို ဒီအတိုင်း ဒေါင်းလုပ်ချခွင့် မပေးဘူး - ကျွန်တော့်မှာ Twitter ကနေ ဝင်ပြီး သူ့ @baydinsoftware ကို follow လုပ်ရသေးတယ် နောက်ပြီး invitation code လေး ပေးပါဗျာ ဆိုပြီး Tweet က လုပ်ရသေးတယ် )


သူက အဲ့တော့မှ ကျွန်တော့်ကို invitation code ပြန်ပို့ပေးတာဗျ ဒီမှာသာကြည့် မာနတော်တော်ကြီးတဲ့ကောင် :D


ကျွန်တော့် မိသားစုဝင်တွေတော့ ဒါတွေ လုပ်ဖို့ မလိုတော့ပါဘူး - ကျွန်တော် အောက်မှာ ဖော်ပြထားတဲ့ invitation code ကို အဲ့စာမျက်နှာ ဖြည့်ပြီး install လုပ်ဆောင်ယုံပါပဲ။ Firefox သုံးတဲ့ ညီအစ်ကို မောင်နှမများ Firefox 3.6+ ဖြစ်ဖို့ လိုပါတယ်။


The invitation code for Boomerang for gmail = b4gtweet

နောက်ပြီး ကျွန်တော် လူလည်ကျထားတာ ရှိသေးတယ် - ချလို့ ရတုန်း တစ်ခါတည်း IDM နဲ့ ချပြီး ifile မှာပါ တင်ထားလိုက် တယ် - အဲတော့ တကယ်လို့ မိသားစုဝင်တွေ အဲ့ စာမျက်နှာကို ဝင်မရတာ ဘာညာ ပြဿနာ ရှိလာရင် ဒီ ifile ကကောင်လေး ကို Download ချပြီး သက်ဆိုင်ရာ Browser မှာ install လုပ်လိုက်ယုံပါပဲ။

Boomerang.rar 0.091 MB

အသုံးပြုနည်း အသေးစိတ်ကို အောက်မှာ ဖော်ပြထားတဲ့ video ကနေ ထပ်ကြည့်နိုင်ပါတယ်။


အဲတော့ မိသားစုဝင်များ စမ်းသပ်ကြည့်လို့ ရပါပြီ

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts

Recent

About Us

Random

About Us

Random