April Rain

Leave a Comment
သင်္ကြန်ကျလာပြန်ပါပြီ။ သင်္ကြန်ကို ဘာမှန်း မသိခဲ့တာ - သင်္ကြန်နဲ့ ဝေးနေခဲ့တာ ဆယ်စုနှစ်တစ်နှစ်တောင် ကျော်ခဲ့ပါပေါ့။ ဒါပေမယ့် မြန်မာတစ်ယောက် အနေနဲ့ သင်္ကြန်ဆိုတဲ့ အသံကို ကြားရင် - သင်္ကြန်နားနီးရင် - သင်္ကြန်တေးသံတွေ ကြားရရင် - April ဆိုတာကို ရောက်ရင် - ငယ်စဉ် တစ်ချိန်တုန်းက သင်္ကြန်အငွေ့အသက်တွေ - ငယ်စဉ်ကလေးဘဝ ပျော်ရွှင်မှုတွေကို ပြန်ပြီး သတိရမိပါတယ်။



သင်္ကြန်နဲ့ ပတ်သတ်ပြီး နှစ်စဉ်နှစ်တိုင်း ထုတ်လိုက်ကြတဲ့ စီးရီးတွေ - တစ်ခုမှ သဘောမကျဘူး။ သင်္ကြန်သီချင်း ဆိုရင် သင်္ကြန်မိုးဇာတ်ကားကြီး ထဲမှာ ပါတဲ့ သီချင်းတွေကိုပဲ သဘောကျမိတယ်။ ခုလည်း Youtube မှာ လိုက်ရှာကြည့်တယ်။ မတွေ့ဘူး။ မတွေ့တာနဲ့ Cutter တစ်ခုချပြီး ကိုယ့်မှာ ရှိနေတဲ့ သင်္ကြန်မိုးကားထဲကနေ ကိုယ့်ဘာသာ ကိုယ်သဘောကျတဲ့ သီချင်းကို Cut လုပ်ပြီး တင်ပစ်လိုက်တယ်။

သင်္ကြန်အမှတ်တရ ဘာမှ မလုပ်ဖြစ်တာ ကြာလို့။ ကိုယ့် Blog မှာလည်း သင်္ကြန်နဲ့ ပတ်သတ်ပြီး တစ်ခုခု အမှတ်တရလေး ထားချင်လို့ စီစဉ်ဖြစ်လိုက်တဲ့ ဒီသီချင်းလေး - အရမ်း သဘောကျမိတယ်။


KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts

Recent

About Us

Random

About Us

Random