NASA and Humanoid robot ( Robonaut 2 )

Leave a Comment
မင်း ဘယ်နေရာမှာ အလုပ်လုပ်ချင်လဲ ... မင်းအလုပ်လုပ်ဖို့ နေရာတစ်နေရာ ရွေးပါဆိုရင် မင်းဘယ်နေရာကို ရွေးမလဲ ... ??

လူတစ်ယောက်မှာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ သဘာဝ ၊ ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ် ၊ ကိုယ့်စိတ်ကူးနဲ့ ကိုက်ညီတဲ့ ဘဝဖြတ်သန်းမှု တစ်ခုနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင်နေရာ တစ်ခုကို ရရှိနိုင်ဖို့ ဆိုတာ တော်တော်ကြီးကို ခဲယဉ်းတယ်လို့ ထင်မိတယ်။ ငယ်ငယ်တုန်းက လူကြီးတွေ ပြောကြတယ်။

သားကြီးလာရင် ဘာလုပ်မလဲ .. ??


တကယ်တော့ အဲ့မေးခွန်းက သဘာဝ မကျဘူး .. လူတစ်ယောက် ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် - ဘာကိုရည်မှန်းချက် ထားရမယ် ဆိုတာ - သူကိုယ်တိုင် ဘာတစ်ခုကိုမှ မလုပ်ဖူးသေးပဲနဲ့ ဘာမှ ဆုံးဖြတ်လို့ မရသလို ဘေးလူကလည်း ဝင်ပြီး ဆုံးဖြတ်ပေးလို့ မရဘူး - မြန်မာမိဘတွေ တော်တော်များများက သားသမီးကို အရမ်းချစ်ကြတယ်။ အရမ်းအောင်မြင်စေချင်ကြတယ် - ဒါမိဘတိုင်းရဲ့ စိတ်ပဲ - ကျွန်တော် မိဘ ဖြစ်လာရင်လည်း ဒီစိတ်က ရှိလာမှာပဲ - ဒါပေမယ့် ကိုယ့်သားသမီးကို အောင်မြင်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ သူ့ အတွေးတွေကို ဘောင်ခတ်ပစ်လို့ မရဘူး - ဥပမာ ပြောရရင် - ကျွန်တော်တို့ သားသမီးတွေကို အောင်မြင်တဲ့ အင်ဂျင်နီယာဖြစ်စေချင်သလား - ကိုယ်ဖြစ်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ မရဘူး - ကိုယ်ဖြစ်စေချင်တဲ့ စိတ်ကူးဆီကို ကိုယ့်သားသမီး လိုက်ပါလာအောင် မသိမသာ ဆွဲဆောင်သိမ်းသွင်းနိုင်ရတယ်။ ဆွဲဆောင်သိမ်းသွင်းတိုင်းလည်း အဆင်ပြေတာ မဟုတ်ဘူး - သူ့ကို အဲဒီ့နယ်ပယ်ထဲမှာ ဝင်ဆံ့နိုင်ဖို့ စမ်းသပ်လုပ်ကိုင်ခွင့်မျိုးတွေလည်း ပေးရမယ်။ ဒါမှ ကိုယ့်ကလေးက နဂိုရှိပြီးသား စိတ်အခံမှာ သူ့ရဲ့ လုပ်ဆောင်နိုင်မှုကို လိုက်ပြီး ဝါသနာ နဲ့ လုပ်ဆောင်ချက် တစ်သားတည်း ကျသွားနိုင်လိမ့်မယ်။

ဆိုလိုတာက - ဝါသနာတိုင်းကို ရည်မှန်းချက် ထားရင်လွဲတတ်တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တိုင်းက ကိုယ့်ရဲ့ ဝါသနာ ဖြစ်မှသာ အဲ့လူဟာ အောင်မြင်တဲ့ ဘဝတစ်ခုကို ရမယ်။

ကျွန်တော်ကရော -
ကျွန်တော့် ဝါသနာရှိပါတယ်။ ဒီနေရာမှာ ရေးခဲ့ဖူးတယ်။ ခုက ဝါသနာအကြောင်းရေးချင်တာ မဟုတ်ဘူး။ ရေးချင်တာက ကျွန်တော် အလုပ်လုပ်ချင်တဲ့ နေရာ တစ်ခုအကြောင်း။ မဖြစ်နိုင်ဘူးလို့ မပြောချင်ပေမယ့် ဖြစ်မလာနိုင်ဘူးဆိုတာတော့ သိနေပြီးသားပါ။ ဒါပေမယ့် ကိုယ့်စိတ်ကူးထဲက နေရာတစ်ခုပဲ - မျှော်လင့်ချက်တစ်ခု ရှိနေတာ အမှားတစ်ခုတော့ မဖြစ်တန်လောက်ပါဘူး။

ကျွန်တော် NASA မှာ အလုပ်လုပ်ချင်ပါတယ်။

မကြာမတင် ကာလတစ်ခုမှာ NASA က International Space Station မှာ လူသားတွေနဲ့ အတူ အာကာသထဲမှာ Side-by-Side ယှဉ်တွဲ အလုပ်လုပ်ကိုင်နိုင်ဖို့ Humanoid robot ( Robonaut2 ) တွေ စေလွှတ်တော့မယ်လို့ ဖတ်နေကျ Site တစ်ခုကနေ သိခဲ့ရတယ်။ NASA နဲ့ General Motors ကနေတည်ဆောက်ထားတဲ့ ဒီ Humanoid robot ( Robonaut2 ) ဟာ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိပြီး space station မှာ လူသားတွေနဲ့ ယှဉ်တွဲ လုပ်ကိုင်တဲ့ နေရာမှာ အသုံးပြုရလွယ်ကူစေမယ်လို့လည်း သိရပါတယ်။ Humanoid robot ( Robonaut2 ) ရဲ့ အသွင်အပြင်တစ်ချို့ကတော့ -
















သူတို့ နည်းပညာတွေက တော်တော်တိုးတက်နေတာ မြင်ရတိုင်း ခုချိန်ထိ အင်တာနက် နဲ့ ကွန်ပြူတာ နည်းပညာ ဖွံ့ဖြိုးမှု အရှိန်မရသေးတဲ့ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားတွေ အတွက် အားမလို အားမရ ဖြစ်မိတယ်။ အားမရဖြစ်နေရုံ နဲ့လည်း မြန်မာနိုင်ငံ တိုးတက်မလာဘူး။ လူတိုင်းမှာ စွမ်းဆောင်နိုင်တဲ့ အားတစ်ခုစီတော့ ရှိမှာ သေချာပါတယ်။ သူတို့တွေလည်း ဒီ Robot ကို တစ်ယောက်တည်း တည်ဆောက်ထားတာမှ မဟုတ်တာပဲ။ ကိုယ့်နိုင်ငံသားတွေလည်း တတ်နိုင်တဲ့ အားတစ်ဖက်စီနဲ့ ကိုယ့်နိုင်ငံ တိုးတက်အောင်မြင်ဖို့ တစ်ဖက်စီကနေ ညီညီ ညွတ်ညွတ်ရုန်းကြရင် ဘယ်လောက်များ ကျေနပ်စရာ ကောင်းလိုက်မလဲ ... ??

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts

Recent

About Us

Random

About Us

Random